Report No.3 of Parliamentary Observation Program, Open Myanmar Initiative

မြန်မာ့လွှတ်တော်ကို ကိန်းဂဏန်းအခြေပြု ချဉ်းကပ်လေ့လာချက် (သတ္တမအကြိမ်မှ နဝမအကြိမ်ထိ ပုံမှန်အစည်းအဝေးများအတွင်း မေးခွန်းများနှင့် အဆိုများလေ့လာချက်)

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ်မှ အစီရင်ခံစာ အမှတ် (၃) တွင် ပထမအကြိမ် ပြည်ထောင် စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို႔၏ သတ္တမအကြိမ်မှ နဝမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေး မေးခွန်းများနှင့် အဆိုများကို ကိန်းဂဏန်းအခြေပြု လေ့လာဆန်းစစ်ထားပါသည်။ သတ္တမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအတွင် ပြည်ထောင် စုလွှတ်တော်တွင် မေးခွန်းမေးမြန်းမှု မတွေ့ရဘဲ အဋ္ဌမပုံမှန်အစည်းအဝေးတွင် အရေးကြီးအဆိုနှစ်ခုသာ တင်သွင်းကြောင်းတွေ့ရသည်။ ပြည်သူ့လွှတ်တော်တွင် အဆို (၁၂) ခု တင်သွင်းပြီး ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် (၇) ဦးမှ (၈) ကြိမ် ဝင်ရောက်ဆွေးနွေးခဲ့ကြောင်းတွေ့ရပြီး၊ အမျိုးသားလွှတ်တော်တွင် အဆို (၂၀) တင်သွင်းပြီး အဆို (၁၈) ခု ဆွေးနွေးရာ လွှတ်တော်ကိုယ်စားလှယ် (၅၆) ဦးက စုစုပေါင်း (၉ ၉ ) ကြိမ် ဝင်ရောက်ဆွေးနွေးခဲ့ကြောင်းတွေ့ရသည်။ လွှတ်တော်တွင် မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှုများကို ကျား/မအလိုက်၊ တိုင်းရင်းသားအလိုက်၊ ပါတီအလိုက်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ မေးခွန်းနှင့် အဆိုုများ၏ အကြောင်းအရာ/ကဏ္ဍ၊ ရည်ရွယ်ချက်၊ မေးခွန်းများအပေါ် တုံ႔ပြန်မှု၊ အဆုံးအဖြတ်များ၏ လေ့လာဆန်းစစ်မှုများလည်းပါရှိသည်။ 

The Quantitative Study on Questions and Motions of Myanmar Parliament (7th Regular Session to 9th Regular Session)

Report No. 3 prepared by Parliamentary Observation Program of Open Myanmar Initiative features quantitative study of motions and questions submitted in the First Pyithu Hluttaw, Amyotha Hluttaw and Pyidaungsu Hluttaw from the seventh regular session to the ninth regular session. No question was asked from the seventh to the ninth regular sessions of Pyidaungsu Hluttaw and only two motions were submiited at the eighth session. In Pyithu Hluttaw 7 MPs discussed 12 submitted motions 8 times. In Amyotha Hluttaw 56 MPs discussed 18 out of 20 submitted motions for 99 times. This report also analyses motions and questions by gender, by ethnic groups, political parties, by state/region, by issue, by purpose, and by responses on questions. 

omi_report_3_parliamentary_observation_program_mm.pdf
3.72 MB | pdf | 26-07-2016 | Myanmar
Download Preview
Creative Commons License