Cultural Heritage Protection Law, Tanintharyi Region (2015/No.26, No.27)

၂၀၁၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်မှ ပြဋ္ဌာန်းသည်။ ရည်ရွယ်ချက်တစ်ရပ်မှာ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်မပျက်အောင် ကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။ ဤဥပဒေအရ တိုင်းဒေသကြီးအစိုးရသည် ယဉ်ကျေးမှုအမွေအနှစ်များဒေသများကို ထုတ်ပြန်သတ်မှတ်နိုင်သည်။ ထို႔အပြင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ လိုအပ်သော ကော်မတီ၊အဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ အစိုးရ၏ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရန် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များကို ဖော်ပြထားသည်။ အများပြည်သူလိုက်နာရမည့် တားမြစ်ချက်များအပြင်၊ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကို ဖော်ပြထားသည်။ 

Tanintharyi Region Hluttaw enacted the cultural heritage protection law in 2015. One of the objectives is to protect both tangible and intangible cultural heritage. According to this law, the regional cabinet shall form committee and bodies for cultural heritage zone protection. The law also depicts the cabinet’s duties as well as prohibitions, penalties and offences. 

lw_cultural_heritage_protection_law_tanintharyi_region_mm.pdf
19.57 MB | pdf | 08-02-2017 | Myanmar
Download Preview
Creative Commons License