Brief analysis on Military MPs in the second Hluttaws


၂ဝဝ၈ အခြေခံဖွဲ့စည်းပုံဥပဒေအရ လွှတ်တော်သုံးရပ်တွင် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းစီ အသီးသီးပါဝင်ပြီး ယင်းကိုယ်စားလှယ်နေရာများအတွက် ကိုယ်စားလှယ်အရည်အချင်းနှင့်ကိုက်ညီသူ တပ်မတော်သားများကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်သည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်ပြီးနောက် ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၆တွင် ပြည်သူ့လွှတ်တော် အတွက်ကိုယ်စားလှယ်များအား ကော်မရှင်၏ ကြေညာချက်အမှတ် (၁/၂၀၁၆) ဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်အတွက်ကိုယ်စားလှယ်များအား ကြေညာချက်အမှတ် (၂/၂၀၁၆) ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ကြေညာချက်အမှတ် (၃/၂၀၁၆) ဖြင့်လည်းကောင်း  ဖော်ပြခဲ့သည်။
ထိုအမည်စာရင်းပါ ကိုယ်စားလှယ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ ၊ အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃  တို့နှင့်အညီ အမည်စာရင်းပြောင်းလဲလိုကြောင်း အကြောင်းကြားလာပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကစိစစ်ပြီး အစားထိုးပြောင်းလဲလိုသော လွှတ်တော်တွင် ပြောင်းလဲခြင်း ပြုနိုင်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်များအရ ဇန်နဝါရီ ၁၈ ရက်၊ ၂ဝ၁၆ မှ ဇွန်လ ၊ ၂ဝ၁၆ အတွင်း လွှတ်တော်သုံးရပ်လုံးတွင် တပ်မတော်သားကိုယ်စားလှယ်များအား တစ်ကြိမ်စီ အစားထိုးပြောင်းလဲ ခဲ့ကြောင်း တွေ့ရသည်။
မေလ ၁၇ ရက်၊ ၂ဝ၁၆ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၉/၂ဝ၁၆) ဖြင့် အမျိုးသားလွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ၂  ဦးပြောင်းလဲခဲ့သည်။ ဤသည်မှာ စိစစ် ခန့်အပ်သည့် ဇန်နဝါရီ ၁၈ ရက်၊ ၂ဝ၁၆ မှ မေလ ၁၇ ရက်၊ ၂ဝ၁၆ အထိ ၄ လတာကာလအတွင်း ၂ ဦး ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၅ ရက်၊ ၂ဝ၁၆ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၁/၂၀၁၆) ဖြင့် ပြည်သူ့လွှတ်တော်မှ တပ်မတော်သားကိုယ်စားလှယ် ၂ ဦးအပြောင်းအလဲပြုလုပ်ခဲ့သည်။ ယင်းသည် စိစစ်ခန့်အပ်သည့် ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၆ မှ ဇွန်လ ၁၅ ရက်၊ ၂ဝ၁၆ အထိ ၅ လ အတွင်းတွင် ၂ ဦး ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၅ ရက်၊ ၂၀၁၆ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၂/၂၀၁၆) ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် ရှမ်းပြည်နယ်လွှတ်တော်တို့တွင် ၁ ဦးစီ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ အဆိုပါပြောင်းလဲမှုသည် စိစစ်ခန့်အပ်သည့် ဇန်နဝါရီ ၁၈ ရက်၊ ၂ဝ၁၆ မှ ဇွန်လ ၁၅ ရက်၊ ၂ဝ၁၆ အထိ ၅ လ အတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၄  ဦး ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

 

In accord with 2008 constitution, Military MPs received 25 percent of total Members of Parliaments in each Hluttaw, who are selected by Defense Services Commander in Chief.

In the second General Election held on November 8, 2015, after being scrutinized the nominated Military members who were submitted by Commander in Chief, UEC approved   Pyithu Hluttaw MPs, Amyothar Hluttaw MPs and Region or State MPs respectively by issuing the Statements No.(1/2016), (2/2016) and (3/2016).

If the Commander in Chief inform to UEC to replace MPs in the following list of nominated Military MPs , he has the right to replace according to the Article 33 of Laws of Pyithu Hluttaw elecion , Amyothar Hluttaw election and Region or State Hluttaws election respectively after being scrutinized by UEC.

Due to the Statements of UEC, we found that some Military MPs were replaced once during the time from January 18, 2016 to Jun, 2016 in all Hluttaws.

The very first replacement of Amyothar Hluttaw Military MPs took place within four months of the Second Hluttaw by issuing the Statement of UEC letter No. 9/2016. On 17th May, 2016, the two Military MPs were replaced.

The very first replacement of Pyithu Hluttaw Military MPs took place within five months of the Second Hluttaw by issuing the Statement of UEC letter No. 11/2016. On 15th Jun, 2016, two Military MPs were replaced.

The very first replacement of Region or State Hluttaw Military MPs took place within five months of the Second Hluttaw by issuing the Statement of UEC letter No. 12/2016. On 15th Jun, 2016, four Military MPs were replaced, in which one MPs in each Sagaing Region Hluttaw , Shan State Hluttaw and two MPs in Yangon Region Hluttaw respectively.  

 

tamataw_mps_brief_analysis.pdf
73.78 KB | pdf | 21-06-2016 | မြန်မာ
Download လုပ်ရန် အစမ်းဖတ်ရှုရန်
Creative Commons License
ပုံ (၁) ဒုတိယအကြိမ် လွှတ်တော်သုံးရပ်ရှိ တပ်မတော်သားကိုယ်စားလှယ်များ အစားထိုးပြောင်းလဲမှု  
ပုံ (၂) ဒုတိယအကြိမ်လွှတ်တော်သုံးရပ်ရှိ တပ်မတော်သားကိုယ်စားလှယ်များတွင် အမျိုးသမီးပါဝင်မှု